နှလုံးသားနဲ့ စတေးတဲ့ အပြုံးက ပီပြင်လိုက်တာ...
ရက်စက်နိုင်သူရဲ့  ပြတ်သားမှုလေပဲလား...
စိတ်ကစားမှုတဲ့...
ရင်တစ်ခုလုံးနဲ့ ရင်းလိုက်သူရဲ့ အရှုံးကိုမမြင်လေသလား...
တောင်းပန်ပါတယ်တဲ့လား...
စကားတစ်ခွန်းနဲ့ အရာရာချေဖျက်လို့ ရရင်သိပ်ကောင်းမှာပဲ...
ခွင့်မလွှတ်နဲ့ ဆိုပါလား...
မုန်းဖို့ ချစ်ခဲ့တာမှမဟုတ်ပဲ...
မေ့ဖို့ စကားကိုလွယ်ကူစွာပြောတတ်သူ...
မင်း အချစ်ကြောင့်နာကျဉ်တတ်လာပြီဆိုတဲ့
တစ်နေ့ ကြရင် မင်းကို ငါမေ့ပေးမယ်...
......
No comments:
Post a Comment