Tuesday, December 8, 2009

......

အောင့်သက်သက်ဆိုတဲ့အရသာကို
အခုမှအတိအကျ ခံစားမိသောအခါ...
ရလာမယ့်နောက်ဆက်တွဲ နောင်တတွေရှေ့ မှာ...
အရာရာဟာပြီးဆုံးသွားခဲ့လေပြီ...
လောင်တတ်လေသောမီးကိုမှ သွားဆော့မိတဲ့ကလေးတစ်ယောက်လို...
ကစားတတ်သော ကံတရားကိုမှသွားပြီး စိန်ခေါ်မိလေသူ...
ဓါတ်ပုံတစ်ပုံ...
ရင်ဘတ်တစ်ခုလုံးလစ်ဟာသွားသလားအောင်းမေ့ရတယ်...
အရာရာပုံအောချစ်ခဲ့သူကျမှ ၀ဋ်က လည်တတ်သည်တဲ့...
ထူးဆန်းစွာပဲ...
ပါတ်သတ်သောအရာမှန်သမျှအတွက် လွယ်ကူစွာကျတတ်ခဲ့သော...
မျက်ရည်တွေခမ်းနေတယ်...
သြော်...ဟုတ်သား...
ဖြစ်လာနိုင်တယ်လို့ ကြိုတွက်ခဲ့သည်ပဲလေ...
ဒါပေမယ့်အရာရာက ငါ့အတွက်ကံဆိုးနေသလိုပဲနော်..
မဟုတ်သေးပါဘူးလေ..
အစကတည်းက ငါ့ကို နင်တကယ်မချစ်ခဲ့တာပဲနေမှာပါ...
ရက်စက်ခဲ့တဲ့ နင့်အတွက်ကော...
ဝဋ်ဆိုတာရှိမှာလား..
သံသရာဆိုတာသာရှိခဲ့ရင်...
နောင်တစ်ခုသောဘ၀မှာ..
လှည့်စားတတ်သော ကံကြမ္မာထံတွင် ကျဆုံးသောသူ ကျွန်ုပ် မဖြစ်ရစေသား...

No comments: