Thursday, November 5, 2009

I Miss You!

ဦးနှောက်ကမေးတယ် နင်အခုဘာလုပ်မလဲတဲ့...
မသိဘူး...ဟုတ်တယ် ငါတကယ်မသိဘူး...
ဘာတွေဖြစ်လို့ ...ဘာတွေလုပ်နေမိမှန်းငါ့ကိုယ်ငါတောင်မသိတော့ဘူး....
နှလုံးသားကပြောတယ်...မဖြစ်နိုင်ဘူးလေတဲ့...
ဟုတ်တယ်...ဖြစ်မှမဖြစ်နိုင်တာ သူနဲ့ ငါ့အခြေအနေက...
ကမ္ဘာကြီးရဲ့ အရှေ့ နဲ့ အနောက်...
အပြင်လောကမှာ မတွေ့ ဖူး မသိဖူး စကားမပြောဖူးတဲ့လူတစ်ယောက်ကို...
အဲ့လောက်တောင်ရူးရူးမူးမူးဖြစ်သွားဖို့ လွယ်လို့ လားတဲ့...
မလွယ်ပါဘူး...သူတို့ ပြောတာမှန်ပါတယ်...
မရူးခဲ့ဘူး...မရူးဖူးဘူး...
ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးက...
သူ့ ကိုစသိမိလိုက်တဲ့အချိန်မှာ...
အကုန်လုံးကပြောင်းကပြန်တွေဖြစ်ကုန်တယ်...
သူကတော့ဘယ်တော့မှသိမှာမဟုတ်ဘူး...
သူ့ ကြောင့်လူတွေ ဘယ်လောက်တောင်...
ရူးမတတ်စိတ်သောကရောက်ရလဲဆိုတာ...
ငါလဲ သူများတွေနဲ့ နည်းတူရူးရတော့မယ်ထင်ပါရဲ့ ...
သူ့ ကိုအရမ်းလွမ်းတယ်...
ဒါကိုသူလဲသိပါတယ်..
ငါတို့ သူ့ ကိုဘယ်လောက်လွမ်းနေကြမှန်း...
ဒါပေမယ့်...
တကယ့်လောကရဲ့ ရိုက်ခတ်မှုတွေခံလိုက်ရတဲ့ သူ...
သူ့ ကမ္ဘာလေးထဲမှာပဲ...
သူ့ အပေါ်ကျလာတဲ့ လက်ညှိုးတွေကို ပုန်းရှောင်နေတယ်...
သူသိပါတယ်...
သူ့ ဘက်မှာ ငါတို့ တွေ မားမားမတ်မတ်ရှိနေတယ်ဆိုတာ...
သူသိပါတယ်...
သူ့ ဘက်မှာ ငါတို့ တွေ ဖေးမရပ်တည်နေတယ်ဆိုတာ...
အခုလောလောဆယ် သူအရမ်းကိုလိုအပ်နေတာ...
အချိန်...
သူ့ ရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းကို...
ပြန်လည်ဖြည့်ဆည်းပေးမယ့်အချိန်ကိုသူလိုအပ်နေတာ...
အဲ့တော့...ငါတို့ သူ့ ကိုစောင့်ကြမယ်...
တစ်နေ့ နေ့  တစ်ချိန်ချိန်အထိ...
အဲ့ဒီတစ်နေ့ နေ့ ဆိုတဲ့အချိန်အထိ...
ငါတို့ တွေလက်တွဲပြီးလျှောက်ကြမယ်...
စောင့်ကြမယ်...
သူပြန်လာမယ့်တစ်နေ့ အထိ...
လက်တွဲဘယ်တော့မှမဖြုတ်ကြေး...

Jay! I Miss You! <3>