Friday, September 18, 2009

မသိစိတ်...

မမျှော်လင့်ပါဘူး...
ရင်ခုန်သံစည်းချက်တိုင်းမှာ ကြားနေရတဲ့နာမည်တစ်ခုက...
နင်ဖြစ်နေတာကိုမုန်းတာ...

မတမ်းတပါဘူး...
ပြောခဲ့ဖူးသမျှစကားတွေကို အလွတ်ကျက်ထားသလို...
မှတ်မိနေတာကို မုန်းတာ...

မလွမ်းပါဘူး...
လာမယ်ပြောပြီး ပေါ်မလာတတ်တဲ့...
နင့် id လေးကိုပဲကြည့်နေတတ်တဲ့...
ငါ့ကိုယ်ငါ မုန်းတာ...

မမျှော်လင့်တော့ပါဘူး...
တစ်နေ့ နေ့ ဆိုတဲ့အချိန်ကျရင်...
နင်ရွေးချယ်မယ့်လူဟာ
ငါဘယ်တော့မှ ဖြစ်လာမှာမဟုတ်မှန်း..
ကြိုသိထားနှင့်လို့ ပါ...


2 comments:

†သြဲ† said...

ကဗျာက တမျိုးလေးခံစားရတယ်...နင့်နင့်ကြီး :'( အခုချိန်မှာဖတ်တော့ပိုဆိုးတယ်...
ကဗျာလေးကောင်းပါတယ်... (သူများ blog လာစမာတယ်ဖြစ်ဦးမယ် :hide တော်နေကြာ)

tinycricket said...

ကောင်း၏..