Wednesday, August 26, 2009

အချိန်

အချိန်ဆိုတဲ့ သဲမှုန်တွေကို...တိုက်စားခြင်းရဲ့  မိုးစက်တွေက ဆေးကြောပစ်တယ်...

တစ်ခါတစ်လေကျတော့လည်း မိုးစက်တွေက ညင်သာလွန်းလို့ 
အချိန်ကုန်လို့ ကုန်မှန်းတောင် မသိလိုက်ကြဘူး...


ကြမ်းမဲ့ကြမ်းတော့လည်း မုန်တိုင်းက ရှည်ကြာလွန်းလို့ ...
အချိန်ရယ်ကုန်ပါတော့လို့  ငိုညည်းယူရတဲ့အထိ...

အချိန်တွေ၊ ရာသီတွေ ဘယ်လောက်ပဲပြောင်းပြောင်း၊ မပြောင်းလဲနိုင်သေးတာက...ငါဆိုတဲ့ ငါ...
လူတွေက ငါ့ကိုအရူးတဲ့...
ဟုတ်လေရဲ့ ...
ဒီအချက်ကို ငါတစ်စက်လေးတောင် ခံမငြင်းမိခဲ့ဘူး...

ဒါကိုတောင် သူတို့ လက်မလျှော့...
မောလဲမမောကြဘူးထင်ပါတယ်...


ဆက်ပြောတယ်...
နောက်ဆုံးတော့ နင်အဖြစ်မှန်ကိုလက်ခံသွားပြီပေါ့တဲ့...
အဓိပ္ပါယ်မရှိလိုက်တာ...အဖြစ်မှန်ကို လက်မခံနိုင်တာ ခင်ဗျားတို့ ပါ...
လူတိုင်းတစ်မျိုးစီရူးကြတယ်တဲ့...
လူတကာလက်ခံနားလည်ထားကြတဲ့ အမှန်တရားတစ်ခုကို
အခုထိ မကျင့်သုံးနိုင်သေးတဲ့ ခင်ဗျားတို့ နဲ့  ငါ...
ဟူး...ထားပါလေ...ပြောနေလည်း ခင်ဗျားတို့ က နားလည်နိုင်မှာမို့ လို့ လား...

ငါဆိုတဲ့ ဘာကိုမှ အလေးအနက်မထားတတ်တဲ့ လူတစ်ယောက်
တစ်ချို့  တစ်ချို့ သောအရာတွေကို ဂရုစိုက်တတ်လာပြီ...
ဒါကော...ရင့်ကျက်လာတယ်လို့ ခေါ်မလား ပိုပြီး အရူးရင့်လာတယ်ပြောမလား...
သေချာတာတော့...အဲ့ဒီ နာမ်စားတွေကို ငါလုံးဝ ဂရုမစိုက်ဘူးဆိုတာပဲ..

အစတည်းက ဘာကိုညစ်နေမှန်းမသိ ညစ်နေတဲ့ ငါ့စိတ်ကို...
ခင်ဗျားတို့ ရဲ့ အရေးမပါတဲ့ စကားလုံးတွေနဲ့ ...
ထပ်ပြီး အညစ်အပေမခံတော့ဘူး...
တစ်ချိန်က မတည်ငြိမ်နိုင်ခဲ့တဲ့...
ငါ့ရဲ့ စိတ်ဒေသ အခြေအနေတစ်ခုကို ပြန်မမှတ်မိချင်တော့ဘူး... မုန်းလည်းမမုန်းချင်တော့ဘူး...ငါပင်ပန်းလှပြီ...

No comments: