Wednesday, August 26, 2009

အချိန်

အချိန်ဆိုတဲ့ သဲမှုန်တွေကို...တိုက်စားခြင်းရဲ့  မိုးစက်တွေက ဆေးကြောပစ်တယ်...

တစ်ခါတစ်လေကျတော့လည်း မိုးစက်တွေက ညင်သာလွန်းလို့ 
အချိန်ကုန်လို့ ကုန်မှန်းတောင် မသိလိုက်ကြဘူး...


ကြမ်းမဲ့ကြမ်းတော့လည်း မုန်တိုင်းက ရှည်ကြာလွန်းလို့ ...
အချိန်ရယ်ကုန်ပါတော့လို့  ငိုညည်းယူရတဲ့အထိ...

အချိန်တွေ၊ ရာသီတွေ ဘယ်လောက်ပဲပြောင်းပြောင်း၊ မပြောင်းလဲနိုင်သေးတာက...ငါဆိုတဲ့ ငါ...
လူတွေက ငါ့ကိုအရူးတဲ့...
ဟုတ်လေရဲ့ ...
ဒီအချက်ကို ငါတစ်စက်လေးတောင် ခံမငြင်းမိခဲ့ဘူး...

ဒါကိုတောင် သူတို့ လက်မလျှော့...
မောလဲမမောကြဘူးထင်ပါတယ်...


ဆက်ပြောတယ်...
နောက်ဆုံးတော့ နင်အဖြစ်မှန်ကိုလက်ခံသွားပြီပေါ့တဲ့...
အဓိပ္ပါယ်မရှိလိုက်တာ...အဖြစ်မှန်ကို လက်မခံနိုင်တာ ခင်ဗျားတို့ ပါ...
လူတိုင်းတစ်မျိုးစီရူးကြတယ်တဲ့...
လူတကာလက်ခံနားလည်ထားကြတဲ့ အမှန်တရားတစ်ခုကို
အခုထိ မကျင့်သုံးနိုင်သေးတဲ့ ခင်ဗျားတို့ နဲ့  ငါ...
ဟူး...ထားပါလေ...ပြောနေလည်း ခင်ဗျားတို့ က နားလည်နိုင်မှာမို့ လို့ လား...

ငါဆိုတဲ့ ဘာကိုမှ အလေးအနက်မထားတတ်တဲ့ လူတစ်ယောက်
တစ်ချို့  တစ်ချို့ သောအရာတွေကို ဂရုစိုက်တတ်လာပြီ...
ဒါကော...ရင့်ကျက်လာတယ်လို့ ခေါ်မလား ပိုပြီး အရူးရင့်လာတယ်ပြောမလား...
သေချာတာတော့...အဲ့ဒီ နာမ်စားတွေကို ငါလုံးဝ ဂရုမစိုက်ဘူးဆိုတာပဲ..

အစတည်းက ဘာကိုညစ်နေမှန်းမသိ ညစ်နေတဲ့ ငါ့စိတ်ကို...
ခင်ဗျားတို့ ရဲ့ အရေးမပါတဲ့ စကားလုံးတွေနဲ့ ...
ထပ်ပြီး အညစ်အပေမခံတော့ဘူး...
တစ်ချိန်က မတည်ငြိမ်နိုင်ခဲ့တဲ့...
ငါ့ရဲ့ စိတ်ဒေသ အခြေအနေတစ်ခုကို ပြန်မမှတ်မိချင်တော့ဘူး... မုန်းလည်းမမုန်းချင်တော့ဘူး...ငါပင်ပန်းလှပြီ...

Thursday, August 6, 2009

To Grandpa...

Every time I hear Eric Clapton's Tears In Heaven, I miss my grandpa who passed away two years ago.
I still remember telling him that I'll go back and see him for sure so he should promise me that he'll wait for my return.
Unfortunately, neither he or I couldn't make this promise become true.
It's true that I came here to pursue my dreams yet in return I can never see him again because he is gone forever.
As a brave grandpa and proud father he never cry in such way, but on that day, with the sobbing voice of his saying good bye to us, it hurts so bad every time I think of that.
Who could have known that, that day would be our last day together.
I am so regret that I made him promise that stupid promise and the promise that I made to him.
I thought to myself "what's the point of making promises if you can't even keep it?".
Grandpa, can you see me from heaven?
You know, before you passed away I always think that we might be able to keep the promise we made together and fulfill it.
But you know what? so called "DEATH" can not keep us apart Grandpa.
Because you will always be in my heart and never disappear!
May you rest in peace.
I Love You Grandpa.






Where I came from

Unlike the others,
it's a country which divides twelve months into three seasons,
Summer, winter and rain season.
This is where I came from.

So many green and golden rice fields,
kind and honest villagers.
This is where I came from.

It's a free country yet knows not what freedom really means,
the civilians living under fears; keeping their hopes beyond their dreams.
This is where I came from.

***************************************
ကျောင်းတုန်းကရေးထားတဲ့ ကဗျာဟောင်းလေးပါ...
အမိမြန်မာပြည်ကို လွမ်းဆွတ်မှုအပြည့်နဲ့ တင်လိုက်ပါတယ်...
ရန်ကုန်မြို့ ရဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာနေပြီး...
မြန်မာပြည်ရဲ့ လူနေမှုအဆင့်အတန်းတွေကို စိတ်ကုန်ဖူးခဲ့တဲ့ငါ...
အခုတော့ နောင်တအပြည့်နဲ့ လွမ်းတတ်နေပါပြီ မြန်မာပြည်ရေ...
တကယ်လို့ သာ မုန်တိုင်းစဲလို့  နေသာတဲ့အခါ...

ချစ်သော အမိမြန်မာ...ငါတစ်နေ့ တော့ပြန်လာမှာပါ...

အရာရာကိုစိတ်တိုင်းမကျဘူး...
ဘယ်လောက်ပဲ စိတ်ထဲမှာဗြောင်းဆန်နေလည်း...
ဘယ်မှာလဲ...ပေါက်ကွဲခွင့်...

အထင်လွဲလိုက်ကြစမ်း...
ဘယ်လောက်ပဲ ရင်ထဲမှာပူလောင်ပြင်းပြနေလည်း...
ဘယ်မှာလဲ...ရှင်းပြခွင့်...

လူသတ်ချင်တယ်...
ဘယ်လောက်ပဲ အော်နေလည်း...
ဘယ်မှာလဲ...သတ္တိ...

သြော်...
နောက်ဆုံးတော့လည်း ငါ့ဘ၀က စိတ်ကူးနဲ့ 
လူမိုက်လုပ်နေရတာပါလား...

လိမ်ခဲ့မိတာတွေအတွက် ၀မ်းနည်းပါတယ်လို့ မပြောစမ်းပါနဲ့ ...
စိတ်ပါခဲ့တဲ့တောင်းပန်မှုမဟုတ်ဘူးဆိုတာ အတိအကျကျိန်ရဲတယ်...
အဲ့ဒီ့အတွက်လဲ...
နင့်တောင်းပန်မှုက ငါ့အတွက်ဘယ်တော့မှ အရာထင်မှာမဟုတ်ဘူး...

ဘာတစ်ခွန်းမှမပြောခဲ့လို့  ထင်နေမှာပဲ...
ခွင့်လွှတ်လွယ်တယ်လို့ ...
ထားလိုက်ပါလေ...
ဘာပြောပြော အရာရာက ပြီးဆုံးသွားခဲ့ပြီပဲဟာ...
အေး...ဆုတစ်ခုတော့တောင်းပေးလိုက်မယ်...
"ဘ၀တစ်လျှောက်မှာ မျှော်လင့်ချက်တွေအကုန်ကျိုးပျက်သွားအောင် လိမ်တတ်တဲ့လူနဲ့ မတွေ့ ပါစေနဲ့ "လို့ ....

အကြောင်းမဲ့မဟုတ်ဘူးနော်...
အရိုးရှင်းဆုံး စကားတစ်ခွန်းနဲ့ ...
နှလုံးသားထဲကို ဓါးတစ်ချောင်း စူးနစ်နေအောင် စိုက်သွင်းခဲ့တာ...
ဒဏ်ရာတွေကို ထုံသွားစေဖို့ အတွက်...
ဆေးထိုးအပ်နဲ့ အနာ အရင်ခံရတယ်...
ခဏတာ ထုံသွားပေမယ့်လဲ အမာရွတ်ကတော့ ထင်ကျန်နေခဲ့တာပဲ...
ထားလိုက်ပါတော့...
ပြောလဲနားလည်မှာမဟုတ်ပါဘူး...
တစ်ချိန်က ငါသိခဲ့တဲ့ နင်ဆိုတာ ခံစားချက်ရှိတဲ့ လူတစ်ယောက်မှမဟုတ်ခဲ့တာ...