Wednesday, January 21, 2009

အခမဲ့

နင်တန်ဖိုးမထားခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ...
နင်မတောင်းဆိုခဲ့တဲ့ အိပ်ပျက်ခံညတွေ...
နင့်ရဲ့ ဆင်ခြင်မဲ့စကားတွေအောက်မှာ
မရေတွက်နိုင်အောင်ကျခဲ့တဲ့ မျက်ရည်တွေ...
တွေ့ ဆုံမှုခဏတာလေးအတွက်..
ပေးဆပ်ရတာတွေများလွန်းတယ်...
မတန်တော့ဘူးထင်တယ်နော်...
ကျေးဇူးတင်ပါတယ်...
နင့်ဖက်က အရင်ဆုံးနောက်ဆုတ်ပေးသွားခဲ့တဲ့အတွက်ပါ...
ငါ့ဘာသာငါဆို...နင်ဘာလုပ်နေနေ...
ခွင့်လွှတ်ပြီးကြိတ်မှိတ်ချစ်နေမိအုံးမှာ...
ကျေးဇူးတင်ပါတယ်...
နင်သင်ပြပေးခဲ့လို့ အချစ်ဆိုတာ ဘာလဲခံစားတတ်ခဲ့သလို...
အသည်းကွဲတဲ့လူတွေကိုလဲ စာနာတတ်ခဲ့လို့ ပါ...

1 comment:

molay88 said...

အချစ်ဆိုတာကို ခံစားတတ်ပြီလို့ သိလိုက်ရတဲ့အချိန်မှာ အသည်းကွဲရတော့မှာပါလား ဆိုတာက နောက်ဆုံးပန်းတိုင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် နောက် အချစ် ဆိုတာ ကိုလည်း ဧကန်မုချ မလွဲမသေ ရောက်ရှိလာအုံးမယ်ဆိုတာ ကို နှလုံးသားက အချက်ပေးလာပါလိမ့်မယ်...။