Wednesday, January 21, 2009

နင်သိလား?
နင့်ဆီက..ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို ရူးမတတ်မျှော်လင့်ဖူးခဲ့တဲ့ ငါ...
အခုတော့..ချစ်တယ်ဆိုတဲ့စကားကို..ဘာတန်ဖိုးမှမရှိတော့အောင် ဟားတိုက်ရယ်ပစ်တတ်ခဲ့ပြီ...

နင်သိလား?
နင့်ဖက်က..ပြီးပြီးရော ဖြစ်သလိုပြောထွက်ခဲ့ပေမယ့်...
ငါ့အတွက်တော့..အဲ့ဒီစကားတစ်ခွန်းက..အရာအားလုံးထက် လေးနက်တယ်...

နင်သိလား?
တစ်လောကလုံးထက် နင့်ကိုချစ်တယ်လို့ ငါမပြောပါဘူး ပြောမှာလဲမဟုတ်ဘူး...
ဒါပေမယ့်..နင့်ကိုချစ်တာ ငါ့ကိုယ်ငါချစ်တာထက် ပိုတယ်ဆိုတာ နင်ယုံပေးပါ...

1 comment:

molay88 said...

လူတစ်ယောက်ကို ချစ်နေစဉ် ခဏမှာ သူ့အတွက် ခံစားမှုတွေ သံယောဇဉ်တွေဟာ တကယ့်ကို အံ့မခန်းပါဘဲ.. နောင်တစ်ချိန်သူနဲ့ ဝေးကွာသွားတဲ့ အခါ အဲဒီခံစားချက်တွေကို သတိရယုံကလွယ်ပြီး ကျန်တာတွေဟာ အိပ်မက်တစ်ခုလိုပါဘဲလား ဆိုတာကို သိရှိလာမှာပါ..။