Thursday, October 23, 2008

အံ့သြတာပဲ....
ဘယ်လောက်များလှည့်စားတတ်တဲ့ လောကကြီးလဲလို့ ...
ကျွန်မထပ်အညာခံလိုက်ရပြီတဲ့လေ...
ဘာမှမဖြစ်သလိုနေနေမိပေမယ့်...
အသည်းရဲ့ ထောင့်တစ်နေရာ ချောင်လေးတစ်ခုမှာ
စူးတစ်ချောင်းက နစ်ပြီး နာနေသေးတယ်...
အဲ့ဒီအနာကို label တပ်မယ်ဆိုရင်
နာကျည်းမှုခေါင်းစဉ်အောက်ကို အမှတ်၁၀၀အပြည့်နဲ့ ဝင်မယ်နဲ့ တူတယ်.....
ကျန်တာတွေအကုန်လုံးကိုရှင်းထုတ်နိုင်လိုက်ပေမယ့်..
အဲ့ဒဏ်ရာကတော့အမြဲအမာရွတ်ထင်နေတော့မယ်...
ကိုယ်တိုင်ပိုင်ပြီး အစိုးမရတဲ့ ကျွန်မရဲ့ စိတ်က
မကြာခဏဆိုသလိုသူ့ ဆီကိုရောက်ရောက်သွားမိသေးတယ်...
မတတ်နိုင်ဘူးလေ...ဒါက ကြိုတင် Program သွင်းထားလို့ ရတဲ့ အရာမျိုးမှမဟုတ်တာ...
သင်ခန်းစာတွေအမျိုးမျိုးရပြီးတာတောင်မှပဲ...
အမှတ်မရှိနိုင်သေးတဲ့ ကျွန်မကိုယ်ကျွန်မ သိပ်စိတ်တိုတယ်...
ချစ်သူရည်းစားမပြောနဲ့ သူငယ်ချင်းတွေအပေါ်တောင်မှပဲ လောဘကြီးနေမိတာ...
မျှော်လင့်ထားတာနဲ့ ဖြစ်လာတာတစ်ခြားစီဖြစ်နေရင်
ကျွန်မပဲခံစားရတာတွေကို သိနေပေမယ့်...
ကျွန်မအဲ့ဒီအကျင့်တွေကို မစွန့် လွှတ်နိုင်သေးဘူး...
အဲ့ဒါနဲ့ ပဲ ကျွန်မရဲ့ ဒဏ်ရာတွေ သေရာပါတော့မယ်ထင်ပါရဲ့ ....

No comments: