Tuesday, August 26, 2008

တစ်ယောက်တည်း...

ငါ့ကိုနင်ထားသွားမှာသိသိကြီးနဲ့ ...
နင့်ကို မိုက်မိုက်မဲမဲဆက်ချစ်နေခဲ့တာ...
ဘာအတွက်လဲ...

နင့်မှာ နောက်တစ်ယောက်ရှိနေပြီမှန်းသိရက်နဲ့ ...
မျက်စိစုံမှိတ်ပြီး နင်ငါ့ကို တရားဝင်ထားသွားမယ့်နေ့ ကို...
ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့တာ...
ဘာအတွက်လဲ...

နင့်အတွက်ဆို...
ငါ့ရဲ့ သည်းခံနိုင်စွမ်းတွေ အဆုံးထိပို့ ပြီးချစ်ခဲ့တာ...
အားလုံးရဲ့ အဆုံးမှာ ငါ့အတွက် ဘာကျန်လဲ...

နောက်ဆုံးလက်ကျန်မာနလေးကိုတောင်
နင်အကုန်ရိုက်ချိုးပစ်ခဲ့တာ....

ကတိတွေ သစ္စာတွေထားလဲ...
ဘာခံလဲ....
နောက်ဆုံးတော့လဲ ငါတစ်ယောက်တည်းပဲ ကျန်ခဲ့တာပဲ....

No comments: