Sunday, August 17, 2008

ဒီရက်ပိုင်းထဲမှာ ကျွန်မစိတ်တွေအရမ်းရှုပ်ထွေးနေတယ်..ပြီးတော့
ကျွန်မ ၀မ်းလဲနည်းတယ်...ကိုယ့်ဟာကိုယ်တောင် ဘာဖြစ်နေမှန်းမသိတော့အောင်ပေါ့...
ကျွန်မ Guilty အဖြစ်ဆုံးက...ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းကို စိတ်ဆိုးအောင်လုပ်လိုက်မိတာပဲ...
သူ ကျွန်မကို ဘယ်လောက်တောင်စိတ်ခုသွားလဲဆိုတာ...
ကျွန်မကို gtalk မှာတောင် block လုပ်သွားသလားပဲ...လုံးဝကိုမလာတော့ဘူး...
ကျွန်မလဲ သူ့ ကိုစိတ်ဆိုးတုန်းခဏပြောလိုက်မိတာအတွက် နောင်တအရမ်းရတယ်...
ကျွန်မ သူ့ ကို imeem မှာ comment ပို့ ပြီးသွားတောင်းပန်ပြီးချော့တယ်...
သူ ကျွန်မ comment ကို approve ပဲမလုပ်ပေးတာလား...ဒါမှမဟုတ် သူဝင်ပဲမ၀င်တော့တာလား...
ကျွန်မလဲ မသိတော့ဘူး...စိတ်တွေအရမ်းညစ်လာပြီ...ကျန်တာတွေလဲမလုပ်ရဲဘူး..
သူ ကျွန်မကို ခါးခါးသီးသီးကြီးမုန်းသွားမှာကို ကျွန်မအရမ်းကြောက်တယ်...
ဒေါသတစ်ချက်ကြောင့် ကျွန်မ သူငယ်ချင်းကောင်းတစ်ယောက်ဆုံးရှုံးရတော့မှာလား?
သူငယ်ချင်းရယ် ငါ ဒီနေရာကနေ..တောင်းပန်ပါတယ်ဟယ်...
ငါနင့်ကိုအရမ်းခင်တယ်ဆိုတာ နင်သိတယ်ဆိုရင်..ငါတောင်းပန်တာကို လက်ခံပေးပါ...

No comments: