ဘာအငြိုးနဲ့ မှန်းမသိ..
ချည်ခဲ့တဲ့ ကြိုးတွေကိုဖြတ်ဖို့ ..
ရက်စက်မှုဓါးတစ်ချောင်းတော့ လိုအပ်နေပြီ...
သေချာသော နိမိတ်ပဲထင်ရဲ့ ...
ပေါက်သွားတဲ့ နှုတ်ခမ်းနဲ့ ..
ငံကျိကျိသွေးတစ်ချို့ က အတည်ပြုချက်ပေးနေပြီ...
အနှုတ်က အပေါင်းမဖြစ်တော့သလို...
အမုန်းကလဲ အချစ်ဖြစ်ဖို့  ၉၉%အလိုမှာရပ်သွားပြီ...
မှတ်မိသေးတယ် နင်ပြောဖူးတဲ့စကား..
”မုန်းတယ်ဆိုတာ လွယ်ပါတယ်..ချစ်ဖို့ သာခက်တာ..”
မုန်းရာက ချစ်လာတယ်ဆိုတဲ့ခေတ်..
မကုန်သေးပါဘူး...
ငါ့ရာဇ၀င်မှာတော့ နင်ဆိုတာ အမုန်းစာမျက်နှာ ”၁” မှာကျန်ခဲ့ပြီ...
2 comments:
လန်ထွက်တယ်... ဟ
ငါ့သူငယ်ချင်းလည်းမခေပါလား....
ရန်ကင်းထွက်တွေပဲ ဒီလောက်တော့ရှိမှာပေါ့...
ဟီး... ဆိုင်လဲဆိုင်ဘူး...
ဒီကဗျာ ငါကြိုက်တယ်....
အင်း..ဒါပေါ့ ရန်ကင်းထွက်တွေကို ဒူမှယှဉ်နိုင်ဘူးလေ သိဘူးလား...ဟားဟား..
တော်သေးတာပေါ့ နင်ကြိုက်တဲ့ကဗျာတော့ရှိသေးလို့ 
Post a Comment