Monday, July 7, 2008

နှလုံးသားရဲ့  စာမျက်နှာများ (သို့ ) နှလုံးသား ကမ္ဗည်းသစ္စာ

နှလုံးသားရဲ့ ..ဗဟိုတည့်တည့်မှာ..
နက်ရှို်င်းစွာ..ရေးထိုးထားတဲ့..
နာမည်တစ်ခုရှိတယ်...

ငါ့နာမည်ပေါ်မှာ..ငါကျိန်ဆိုပြီးပြောရဲတယ်..
အဲ့ဒါ နင့်နာမည်ပဲ...

ထို့ နည်းတူပဲ..
အဲ့ဒီ နှလုံးသားရဲ့ ပိုင်ရှင်ဟာလဲ..
နင်ပဲ ဖြစ်လိမ့်မယ်..


ငါ့ရဲ့ ခံစားချက်တွေကို..
စာရွက်တွေထက်..

သစ္စာရှိတဲ့..ငါ့နှလုံးသားမှာ..
တစ်ဘ၀စာအတွက်
ကမ္ဗည်းတင်ထားမယ်...

ဘယ်တော့မှမမေ့နိုင်တဲ့..
ဘ၀ရဲ့ ခဏတာငါ့ခံစားချက်တွေကို..
ငါ့နှလုံးသားထဲမှာ........
ငါ့သွေးနဲ့ ရေးထွင်းထားမယ်..


့ငါတစ်ယောက်တည်းသာ...သိနိုင်တဲ့..

အချစ်တွေကို..
တစ်သက်တာ..ထာဝရအဖြစ်နဲ့ ..
ငါ့နှလုံးအိမ်ထဲမှာ...
သော့ခတ်သိမ်းထားလိုက်ပြီ..

No comments: