Thursday, July 10, 2008

သူငယ်ချင်းအချစ်

သွားနေကျ..၀က်ဘ်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ ၀ိုင်အေအမ်စီ (Yet another Myanmar Community)မှာ..
သူငယ်ချင်းသံယောဇဉ်တွေ အချစ်တွေကို describe လုပ်ခိုင်းတဲ့ တော့ပစ်လေးတွေ့ လို့ ..
ကျွန်မရဲ့ ဘလော့ခ်မှာ အဲ့ဒီအကြောင်းလေးရေးဖို့ အိုင်ဒီယာရခဲ့တယ်...
ကျွန်မ အဲ့တော့ပစ်ကိုတွေ့ တွေ့ ခြင်း..
ကျွန်မရဲ့ အခင်ဆုံးနဲ့ ငယ်ငယ်တည်းက ခင်တဲ့ သူငယ်ချင်း..ကျော်ဖုန်း (၀ိညာဉ်)ကိုမေးကြည့်တယ်...
သူ ကျွန်မကို သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ ဘယ်လောက်ချစ်သလဲလို့ ...
အဲ့ဒီမေးခွန်းကိုမေးလိုက်မိတာအတွက် ကျွန်မကိုယ် ကျွန်မစိတ်လုံတယ်..
ပြီးတော့ သူ့ ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်အဖြစ် ရိုးသားမှုအပြည့်နဲ့ ကျွန်မမေးခဲ့တာပါ..
သူဖြေလာတဲ့ အဖြေကိုတွေ့ တော့..ကျွန်မ အံ့လဲသြတယ်..၀မ်းလဲဝမ်းနည်းတယ်...
သူဒီလိုပြန်ဖြေလာလိမ့်မယ်လို့ ..ထင်မထားခဲ့တာ အရိုးသားဆုံးဝန်ခံချင်တယ်..
သူပြန်ဖြေတာက “ဘယ်လောက်မှမချစ်ဘူး...ခင်ရုံပဲ” တဲ့...သူက “ဘယ်သူငယ်ချင်းကိုမှမချစ်ဘူး” တဲ့လေ..
ဒီလိုအဖြေမျိုး ကျွန်မ မျှော်လင့်မထားခဲ့မိတာအမှန်ပဲ..ဒါပေမယ့်ရိုးသားပေးတဲ့ သူ့ ကို ကျွန်မအပြစ်မတင်ပါဘူး..
ကျွန်မမေးတဲ့မေးခွန်းကို အရမ်းစတတ် နောက်တတ်တဲ့ ကျွန်မသူငယ်ချင်း ဟားတိုက်မရယ်ပစ်လိုက်ပဲ..
သေသေချာချာပြန်ဖြေပေးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့လေ...နော်..ကျော်ဖုန်း...

ကျွန်မ မညာချင်ပါဘူး..ကျွန်မလဲ လူပဲ ချစ်တတ်တယ် ခင်တတ်တယ်..သံယောဇဉ်ထားတတ်တယ်..
အဲ့ဒီအတွက် ကျွန်မချစ်တဲ့ သူငယ်ချင်းတွေဆီကနေ..
ကျွန်မ အဲ့ဒါတွေပြန်လိုချင်မိတာ ကျွန်မအပြစ်မရှိဘူးဆိုတာ အတတ်ပြောရဲတယ်..
ကျွန်မက သူငယ်ချင်းသိပ်ရှိတဲ့သူမဟုတ်ဘူး..အပြင်မှာဆို တစ်ယောက်မှတောင်မရှိဘူး..
လူများတွေအမြင်မှာတော့ ကျွန်မက မာနခပ်ကြီးကြီး...
တော်ရုံတန်ရုံလူဆို သူငယ်ချင်းမလုပ်တတ်တဲ့ မိန်းမတစ်ယောက်ပုံပေါက်နေတယ်လို့ ...
တစ်ချို့ တွေပြောတာ နားစွန်နားဖျားကြားမိတာပဲ..
အဲ့ဒီတော့ ကျွန်မရဲ့ ရှိစုမဲ့စု သူငယ်ချင်းလေးတွေကို စိတ်ချမ်းသာအောင်ထားတယ်..
အပေါ်ယံလေးတွေပြောပြီး ထွက်ထွက်ပြေးတတ်တဲ့လူတွေထက်..
ကျွန်မ စိတ်အလိုမကျတဲ့အခါ..ဂျီကျဂျစ်တိုက်ချင်တဲ့အခါ..စိတ်တိုနေတဲ့အခါ..၀မ်းနည်း
အားငယ်တဲ့အခါ...
အဲ့လိုအချိန်တွေမှာ ကျွန်မအနားမှာတကယ်ရှိနေသလိုမျိုး..အကြံဥာဏ်တွေ..ဖေးမအားပေးမှုတွေပေးတဲ့..
သူတို့ ကိုကျေးဇူးလဲအရမ်းတင်တယ်..ချစ်လဲအရမ်းချစ်တယ်..
ဘာလို့ လဲဆိုတော့..ကျွန်မလို ဘာမှမသိ မတတ်တဲ့
ခပ်ပိန်းပိန်းမိန်းမတစ်ယောက်ကို သူငယ်ချင်းအဖြစ်နဲ့ တော်ထားပေးလို့ ...
ပြီးတော့..ကျွန်မလို သူငယ်ချင်းကောင်းတို့ ရဲ့ အရည်အချင်းနဲ့  လုံးဝမကိုက်ညီတဲ့ မိန်းမကို ခင်ပေးကြလို့ ...

သူငယ်ချင်းမိန်းကလေးနဲ့ ယောက်ျားလေး ချစ်တယ်လို့ ပြောရင် လူတွေကရယ်ကြတယ်..
ပေါက်ကရတွေးဖို့ လောက်ပဲ စဉ်းစားကြတဲ့..
ကိုယ့်စိတ်နဲ့ နှိုင်းပြီးရိုင်းတတ်တဲ့လူတွေကို ကျွန်မအရမ်းမုန်းတယ်...
ဖြူစင်တဲ့အချစ်ဆိုတာ မရှိရတော့ဘူးလား...
လူတစ်ချို့ လဲအဲ့ဒီအမြင်တွေကြောင့် လွတ်လပ်မှုတွေဆုံးရှုံးကုန်ရပြီ....
အရောင်ခြယ်တဲ့ အမြင်တွေအောက်မှာ..ရိုးသားတဲ့ဘ၀တွေလဲ စုတ်ပြတ်သတ်နေပြီ....







2 comments:

witnyin said...

ငါ့ကို အခင်ဆုံးလို့ သဘောထားလို့ ၀မ်းသားဝမ်းမြောက်သည်.....

ငါကတော့ နင့်ကို.... ;P

broken-hearted-girl said...

ဘယ်သူ့အမြင် ဘယ်လိုရှိရှိ ငါကတော့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သူငယ်ချင်းလို့ သတ်မှတ်လိုက်ရင် ချစ်ပလိုက်တာပဲ ( ချစ်ဖို့ ကောင်းတဲ့ စိတ်ထားလေးရှိရင်ပေါ့နော် ) မဟုတ်လို့ကတော့ အားနာပါးနာ ခင်ပါတယ်ဆိုတာတောင် မပြောဘူးဟေ့