သွားနေကျ..၀က်ဘ်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ ၀ိုင်အေအမ်စီ (Yet another Myanmar Community)မှာ..
သူငယ်ချင်းသံယောဇဉ်တွေ အချစ်တွေကို describe လုပ်ခိုင်းတဲ့ တော့ပစ်လေးတွေ့ လို့ ..
ကျွန်မရဲ့ ဘလော့ခ်မှာ အဲ့ဒီအကြောင်းလေးရေးဖို့ အိုင်ဒီယာရခဲ့တယ်...
ကျွန်မ အဲ့တော့ပစ်ကိုတွေ့ တွေ့ ခြင်း..
ကျွန်မရဲ့ အခင်ဆုံးနဲ့ ငယ်ငယ်တည်းက ခင်တဲ့ သူငယ်ချင်း..ကျော်ဖုန်း (၀ိညာဉ်)ကိုမေးကြည့်တယ်...
သူ ကျွန်မကို သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ ဘယ်လောက်ချစ်သလဲလို့ ...
အဲ့ဒီမေးခွန်းကိုမေးလိုက်မိတာအတွက် ကျွန်မကိုယ် ကျွန်မစိတ်လုံတယ်..
ပြီးတော့ သူ့ ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်အဖြစ် ရိုးသားမှုအပြည့်နဲ့ ကျွန်မမေးခဲ့တာပါ..
သူဖြေလာတဲ့ အဖြေကိုတွေ့ တော့..ကျွန်မ အံ့လဲသြတယ်..၀မ်းလဲဝမ်းနည်းတယ်...
သူဒီလိုပြန်ဖြေလာလိမ့်မယ်လို့ ..ထင်မထားခဲ့တာ အရိုးသားဆုံးဝန်ခံချင်တယ်..
သူပြန်ဖြေတာက “ဘယ်လောက်မှမချစ်ဘူး...ခင်ရုံပဲ” တဲ့...သူက “ဘယ်သူငယ်ချင်းကိုမှမချစ်ဘူး” တဲ့လေ..
ဒီလိုအဖြေမျိုး ကျွန်မ မျှော်လင့်မထားခဲ့မိတာအမှန်ပဲ..ဒါပေမယ့်ရိုးသားပေးတဲ့ သူ့ ကို ကျွန်မအပြစ်မတင်ပါဘူး..
ကျွန်မမေးတဲ့မေးခွန်းကို အရမ်းစတတ် နောက်တတ်တဲ့ ကျွန်မသူငယ်ချင်း ဟားတိုက်မရယ်ပစ်လိုက်ပဲ..
သေသေချာချာပြန်ဖြေပေးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့လေ...နော်..ကျော်ဖုန်း...
ကျွန်မ မညာချင်ပါဘူး..ကျွန်မလဲ လူပဲ ချစ်တတ်တယ် ခင်တတ်တယ်..သံယောဇဉ်ထားတတ်တယ်..
အဲ့ဒီအတွက် ကျွန်မချစ်တဲ့ သူငယ်ချင်းတွေဆီကနေ..
ကျွန်မ အဲ့ဒါတွေပြန်လိုချင်မိတာ ကျွန်မအပြစ်မရှိဘူးဆိုတာ အတတ်ပြောရဲတယ်..
ကျွန်မက သူငယ်ချင်းသိပ်ရှိတဲ့သူမဟုတ်ဘူး..အပြင်မှာဆို တစ်ယောက်မှတောင်မရှိဘူး..
လူများတွေအမြင်မှာတော့ ကျွန်မက မာနခပ်ကြီးကြီး...
တော်ရုံတန်ရုံလူဆို သူငယ်ချင်းမလုပ်တတ်တဲ့ မိန်းမတစ်ယောက်ပုံပေါက်နေတယ်လို့ ...
တစ်ချို့ တွေပြောတာ နားစွန်နားဖျားကြားမိတာပဲ..
အဲ့ဒီတော့ ကျွန်မရဲ့ ရှိစုမဲ့စု သူငယ်ချင်းလေးတွေကို စိတ်ချမ်းသာအောင်ထားတယ်..
အပေါ်ယံလေးတွေပြောပြီး ထွက်ထွက်ပြေးတတ်တဲ့လူတွေထက်..
ကျွန်မ စိတ်အလိုမကျတဲ့အခါ..ဂျီကျဂျစ်တိုက်ချင်တဲ့အခါ..စိတ်တိုနေတဲ့အခါ..၀မ်းနည်းအားငယ်တဲ့အခါ...
အဲ့လိုအချိန်တွေမှာ ကျွန်မအနားမှာတကယ်ရှိနေသလိုမျိုး..အကြံဥာဏ်တွေ..ဖေးမအားပေးမှုတွေပေးတဲ့..
သူတို့ ကိုကျေးဇူးလဲအရမ်းတင်တယ်..ချစ်လဲအရမ်းချစ်တယ်..
ဘာလို့ လဲဆိုတော့..ကျွန်မလို ဘာမှမသိ မတတ်တဲ့
ခပ်ပိန်းပိန်းမိန်းမတစ်ယောက်ကို သူငယ်ချင်းအဖြစ်နဲ့ တော်ထားပေးလို့ ...
ပြီးတော့..ကျွန်မလို သူငယ်ချင်းကောင်းတို့ ရဲ့ အရည်အချင်းနဲ့  လုံးဝမကိုက်ညီတဲ့ မိန်းမကို ခင်ပေးကြလို့ ...
သူငယ်ချင်းမိန်းကလေးနဲ့ ယောက်ျားလေး ချစ်တယ်လို့ ပြောရင် လူတွေကရယ်ကြတယ်..
ပေါက်ကရတွေးဖို့ လောက်ပဲ စဉ်းစားကြတဲ့..
ကိုယ့်စိတ်နဲ့ နှိုင်းပြီးရိုင်းတတ်တဲ့လူတွေကို ကျွန်မအရမ်းမုန်းတယ်...
ဖြူစင်တဲ့အချစ်ဆိုတာ မရှိရတော့ဘူးလား...
လူတစ်ချို့ လဲအဲ့ဒီအမြင်တွေကြောင့် လွတ်လပ်မှုတွေဆုံးရှုံးကုန်ရပြီ....
အရောင်ခြယ်တဲ့ အမြင်တွေအောက်မှာ..ရိုးသားတဲ့ဘ၀တွေလဲ စုတ်ပြတ်သတ်နေပြီ....
Thursday, July 10, 2008
Monday, July 7, 2008
နှလုံးသားရဲ့  စာမျက်နှာများ (သို့ ) နှလုံးသား ကမ္ဗည်းသစ္စာ
နှလုံးသားရဲ့ ..ဗဟိုတည့်တည့်မှာ..
နက်ရှို်င်းစွာ..ရေးထိုးထားတဲ့..
နာမည်တစ်ခုရှိတယ်...
ငါ့နာမည်ပေါ်မှာ..ငါကျိန်ဆိုပြီးပြောရဲတယ်..
အဲ့ဒါ နင့်နာမည်ပဲ...
ထို့ နည်းတူပဲ..
အဲ့ဒီ နှလုံးသားရဲ့ ပိုင်ရှင်ဟာလဲ..
နင်ပဲ ဖြစ်လိမ့်မယ်..
ငါ့ရဲ့ ခံစားချက်တွေကို..
စာရွက်တွေထက်..
သစ္စာရှိတဲ့..ငါ့နှလုံးသားမှာ..
တစ်ဘ၀စာအတွက်
ကမ္ဗည်းတင်ထားမယ်...
ဘယ်တော့မှမမေ့နိုင်တဲ့..
ဘ၀ရဲ့ ခဏတာငါ့ခံစားချက်တွေကို..
ငါ့နှလုံးသားထဲမှာ........
ငါ့သွေးနဲ့ ရေးထွင်းထားမယ်..
့ငါတစ်ယောက်တည်းသာ...သိနိုင်တဲ့..
အချစ်တွေကို..
တစ်သက်တာ..ထာဝရအဖြစ်နဲ့ ..
ငါ့နှလုံးအိမ်ထဲမှာ...
သော့ခတ်သိမ်းထားလိုက်ပြီ..
နက်ရှို်င်းစွာ..ရေးထိုးထားတဲ့..
နာမည်တစ်ခုရှိတယ်...
ငါ့နာမည်ပေါ်မှာ..ငါကျိန်ဆိုပြီးပြောရဲတယ်..
အဲ့ဒါ နင့်နာမည်ပဲ...
ထို့ နည်းတူပဲ..
အဲ့ဒီ နှလုံးသားရဲ့ ပိုင်ရှင်ဟာလဲ..
နင်ပဲ ဖြစ်လိမ့်မယ်..
ငါ့ရဲ့ ခံစားချက်တွေကို..
စာရွက်တွေထက်..
သစ္စာရှိတဲ့..ငါ့နှလုံးသားမှာ..
တစ်ဘ၀စာအတွက်
ကမ္ဗည်းတင်ထားမယ်...
ဘယ်တော့မှမမေ့နိုင်တဲ့..
ဘ၀ရဲ့ ခဏတာငါ့ခံစားချက်တွေကို..
ငါ့နှလုံးသားထဲမှာ........
ငါ့သွေးနဲ့ ရေးထွင်းထားမယ်..
့ငါတစ်ယောက်တည်းသာ...သိနိုင်တဲ့..
အချစ်တွေကို..
တစ်သက်တာ..ထာဝရအဖြစ်နဲ့ ..
ငါ့နှလုံးအိမ်ထဲမှာ...
သော့ခတ်သိမ်းထားလိုက်ပြီ..
မင်းမသိတဲ့ ငါ့ရပ်တည်မှု
ငါ့ရဲ့ ရပ်တည်မှုတစ်ခုကိုတောင်..
မင်းမသိတဲ့ ဘ၀က..
နည်းနည်းတော့ သေချင်စော်နံနေသလိုလို....
တကယ်ရူးတာပဲ..
"ငါသေသွားပြီးတော့..
မင်းအနားမှာ..မခွဲတမ်းနေမယ်"ဆိုတဲ့..
မတွေးကောင်းတဲ့ (အူကြောင်ကြောင်နိုင်တဲ့)
အတွေးတွေလဲ..တွေးမိဖူးတယ်...........
သန်းခေါင်ယံရဲ့ တိတ်ဆိတ်ညတွေမှာ..
တစ်ယောက်ထဲ..ငေါင်တောင်တောင်နဲ့ ..
နင့်ကို သတိရဖူးတယ်...
နင်နဲ့ ငါ...ချစ်သူတွေဖြစ်ခဲ့ကြရင်ဆိုတဲ့...
လိုရာဆွဲတွေးတဲ့..အတွေးမျိုးတွေလဲ
အကြိမ်ကြိမ်တွေးဖူးတယ်...........
ဆိုင်သူမသိတဲ့..
တစ်ဖက်သတ်အချစ်ဆိုတာ..
တော်တော်ခံရခက်တာပဲကွာ..
သေလို့ ရတယ်..
သိက္ခာတွေလဲ ရစရာကိုမရှိတော့ဘူး..
ငါ့အဖြစ်ကို..မင်းမသိပဲ..
တစ်ခြားသူတွေ..သိကုန်လို့ လေ.......
စိတ်ပျက်တာပဲ..
တကယ်လို့ ဆိုတဲ့..စိတ်ကူးပေါင်းမျိုးစုံနဲ့ ..
ခေါင်းလဲမီးတောက်နေပြီ...
နင်ကတော့..
ငါဆိုတာ ဘယ်သူလို့ တောင်
သိလိုက်မှာမဟုတ်ဘူး....
မင်းမသိတဲ့ ဘ၀က..
နည်းနည်းတော့ သေချင်စော်နံနေသလိုလို....
တကယ်ရူးတာပဲ..
"ငါသေသွားပြီးတော့..
မင်းအနားမှာ..မခွဲတမ်းနေမယ်"ဆိုတဲ့..
မတွေးကောင်းတဲ့ (အူကြောင်ကြောင်နိုင်တဲ့)
အတွေးတွေလဲ..တွေးမိဖူးတယ်...........
သန်းခေါင်ယံရဲ့ တိတ်ဆိတ်ညတွေမှာ..
တစ်ယောက်ထဲ..ငေါင်တောင်တောင်နဲ့ ..
နင့်ကို သတိရဖူးတယ်...
နင်နဲ့ ငါ...ချစ်သူတွေဖြစ်ခဲ့ကြရင်ဆိုတဲ့...
လိုရာဆွဲတွေးတဲ့..အတွေးမျိုးတွေလဲ
အကြိမ်ကြိမ်တွေးဖူးတယ်...........
ဆိုင်သူမသိတဲ့..
တစ်ဖက်သတ်အချစ်ဆိုတာ..
တော်တော်ခံရခက်တာပဲကွာ..
သေလို့ ရတယ်..
သိက္ခာတွေလဲ ရစရာကိုမရှိတော့ဘူး..
ငါ့အဖြစ်ကို..မင်းမသိပဲ..
တစ်ခြားသူတွေ..သိကုန်လို့ လေ.......
စိတ်ပျက်တာပဲ..
တကယ်လို့ ဆိုတဲ့..စိတ်ကူးပေါင်းမျိုးစုံနဲ့ ..
ခေါင်းလဲမီးတောက်နေပြီ...
နင်ကတော့..
ငါဆိုတာ ဘယ်သူလို့ တောင်
သိလိုက်မှာမဟုတ်ဘူး....
Wednesday, July 2, 2008
အဆင့်မြင့်ချည်တိုင်
ဘာအငြိုးနဲ့ မှန်းမသိ..
ချည်ခဲ့တဲ့ ကြိုးတွေကိုဖြတ်ဖို့ ..
ရက်စက်မှုဓါးတစ်ချောင်းတော့ လိုအပ်နေပြီ...
သေချာသော နိမိတ်ပဲထင်ရဲ့ ...
ပေါက်သွားတဲ့ နှုတ်ခမ်းနဲ့ ..
ငံကျိကျိသွေးတစ်ချို့ က အတည်ပြုချက်ပေးနေပြီ...
အနှုတ်က အပေါင်းမဖြစ်တော့သလို...
အမုန်းကလဲ အချစ်ဖြစ်ဖို့  ၉၉%အလိုမှာရပ်သွားပြီ...
မှတ်မိသေးတယ် နင်ပြောဖူးတဲ့စကား..
”မုန်းတယ်ဆိုတာ လွယ်ပါတယ်..ချစ်ဖို့ သာခက်တာ..”
မုန်းရာက ချစ်လာတယ်ဆိုတဲ့ခေတ်..
မကုန်သေးပါဘူး...
ငါ့ရာဇ၀င်မှာတော့ နင်ဆိုတာ အမုန်းစာမျက်နှာ ”၁” မှာကျန်ခဲ့ပြီ...
ချည်ခဲ့တဲ့ ကြိုးတွေကိုဖြတ်ဖို့ ..
ရက်စက်မှုဓါးတစ်ချောင်းတော့ လိုအပ်နေပြီ...
သေချာသော နိမိတ်ပဲထင်ရဲ့ ...
ပေါက်သွားတဲ့ နှုတ်ခမ်းနဲ့ ..
ငံကျိကျိသွေးတစ်ချို့ က အတည်ပြုချက်ပေးနေပြီ...
အနှုတ်က အပေါင်းမဖြစ်တော့သလို...
အမုန်းကလဲ အချစ်ဖြစ်ဖို့  ၉၉%အလိုမှာရပ်သွားပြီ...
မှတ်မိသေးတယ် နင်ပြောဖူးတဲ့စကား..
”မုန်းတယ်ဆိုတာ လွယ်ပါတယ်..ချစ်ဖို့ သာခက်တာ..”
မုန်းရာက ချစ်လာတယ်ဆိုတဲ့ခေတ်..
မကုန်သေးပါဘူး...
ငါ့ရာဇ၀င်မှာတော့ နင်ဆိုတာ အမုန်းစာမျက်နှာ ”၁” မှာကျန်ခဲ့ပြီ...
သို့ တကယ်ချစ်တတ်သူများ
ချစ်သူရေ..
လူတိုင်းဟာ..
ကိုယ့်ချစ်သူအတွက်တော့...
ကိုယ်ဟာ...
အချစ်ဦးမဖြစ်ခဲ့ရင်တောင်..
အချစ်ဆုံးမဟုတ်ခဲ့ရင်တောင်မှ....
အချစ်စစ်တော့ ရချင်ကြတဲ့သူတွေကြီးပါပဲ..
ဒီလိုပဲ..ချစ်သူ..
ငါဟာ နင့်ဆီက..
အချစ်ဦးဆိုတဲ့ နာမ်စားတစ်ခုကိုမရခဲ့ရင်နေပါစေ..
ငါဟာ..နင့်ရဲ့ ..
အချစ်ဆုံးမဖြစ်ခဲ့ရင်တောင်...
နင်..ငါ့ကို...
အချစ်စစ်လေးတော့ပေးပါ..ချစ်သူရယ်..
လူတိုင်းဟာ..
ကိုယ့်ချစ်သူအတွက်တော့...
ကိုယ်ဟာ...
အချစ်ဦးမဖြစ်ခဲ့ရင်တောင်..
အချစ်ဆုံးမဟုတ်ခဲ့ရင်တောင်မှ....
အချစ်စစ်တော့ ရချင်ကြတဲ့သူတွေကြီးပါပဲ..
ဒီလိုပဲ..ချစ်သူ..
ငါဟာ နင့်ဆီက..
အချစ်ဦးဆိုတဲ့ နာမ်စားတစ်ခုကိုမရခဲ့ရင်နေပါစေ..
ငါဟာ..နင့်ရဲ့ ..
အချစ်ဆုံးမဖြစ်ခဲ့ရင်တောင်...
နင်..ငါ့ကို...
အချစ်စစ်လေးတော့ပေးပါ..ချစ်သူရယ်..
တွေဝေခြင်း၏ ဆုလာဘ်
လူဆိုတာ
တွေဝေတတ်ကြတယ်...
ငါလဲ လူထဲက လူတစ်ယောက်ဖြစ်တဲ့အတွက်
တွေဝေခဲ့ဖူးတယ်...
အဲ့ဒါကြောင့်များ...
ကံကြမ္မာက နင်နဲ့ ပါတ်သတ်ရင်..
လွဲချော်မှုတွေကိုပဲ...ဆုလာဘ်တစ်ခုအဖြစ်...
ပေးနေခဲ့တာလား..မသိဘူးနော်...
အချစ်နဲ့ အမုန်း..အနိုင်နဲ့ အရှုံး..
အဲ့ဒါတွေအားလုံး.. ငါဘာလို့ တစ်ခုမှမရခဲ့တာလဲ...
သြော်...
တွေဝေတတ်တဲ့ငါ့ကို...
ဘုရားက ဒဏ်ခတ်လိုက်ပြီထင်ရဲ့ 
တွေဝေတတ်ကြတယ်...
ငါလဲ လူထဲက လူတစ်ယောက်ဖြစ်တဲ့အတွက်
တွေဝေခဲ့ဖူးတယ်...
အဲ့ဒါကြောင့်များ...
ကံကြမ္မာက နင်နဲ့ ပါတ်သတ်ရင်..
လွဲချော်မှုတွေကိုပဲ...ဆုလာဘ်တစ်ခုအဖြစ်...
ပေးနေခဲ့တာလား..မသိဘူးနော်...
အချစ်နဲ့ အမုန်း..အနိုင်နဲ့ အရှုံး..
အဲ့ဒါတွေအားလုံး.. ငါဘာလို့ တစ်ခုမှမရခဲ့တာလဲ...
သြော်...
တွေဝေတတ်တဲ့ငါ့ကို...
ဘုရားက ဒဏ်ခတ်လိုက်ပြီထင်ရဲ့ 
Subscribe to:
Posts (Atom)