င့ါဘ၀ရဲ့  မှတ်ဥာဏ်တစ်စိတ်တစ်ဒေသကို
ဖြတ်ထုတ်ပစ်ခွင့်ရှိရင်...
နင်နဲ့ ပျော်ရွှင်စွာ စကားတွေအော်ပြောခဲ့ဖူးတဲ့..
Marchလရဲ့ အချိန်တစ်ခုကို ဖြတ်ထုတ်ပစ်မယ်...
ဒါဆိုရင် ဘယ်သူမှမသိပဲ အသည်းကွဲသွားတဲ့
ငါ့အဖြစ်ကို..သူများတွေတင်မဟုတ်ဘူး..
ငါကိုယ်တိုင်ပါမသိနိုင်တော့ဘူးပေါ့...
အချိန်တွေကိုသာ ရပ်တန့် နိုင်ခွင့်ရှိခဲ့ရင်...
နင်နဲ့ ..မခွဲခွာရခင်ကာလမှာ ရပ်တန့် ထားမိမယ်..
နာကျင်ရမယ့်အဖြစ်တွေကို ငါတွေးပြီးကြောက်မိနေလို့ ....
သတ္တိမရှိဘူးဆိုချင်ဆို...
အရှုံးတွေ အမုန်းတွေမေ့ပြီး
အတိတ်မှာပဲ..ပြန်လည်ပျော်ရွှင်နေချင်တယ်..
အတ္တကြီးတယ်ပဲဆိုချင်ဆို...
ဘ၀ရဲ့ နာကျင်မှုတွေထားခဲ့ပြီး...
အဝေးဆုံးကိုပြေးထွက်သွားချင်တယ်..
ငါ့နေရာမှာ နင်သာဆိုဘယ်လိုလုပ်မလဲ...
ဘာတွေလဲ...ငါ နင့်ကိုမေ့ပစ်သင့်လား...
Yes? or No?...
2 comments:
Yes or No တစ်ခုခုတော့ဖြစ်မယ်... 2 ခုလုံးတော့မဟုတ်ဝူးပေါ့ဟာ... :P
မှန်လိုက်လေခြင်း..
Post a Comment