Wednesday, June 11, 2008

စတင်မိတ်ဆက်ခြင်း..

ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်သေးတာ အခုအချိန်ထိပေါ့..
ဟီးဟီး မိတ်ဆက်စာလေးတောင်မရေးပဲ..
သူများတွေဖတ်ချင်မှန်းမသိ မဖတ်ချင်မှန်းမသိ
လက်တည့်စမ်းထားတဲ့ ကဗျာတွေစွတ်တင်တာ လွန်လှပြီထင်ရဲ့ ...
အခုတော့..ရေးပြီနော်..အားလုံးပဲမင်္ဂလာပါနော်..
ပိုးကို...ပိုးလို့ ပဲခေါ်ကြတယ် တစ်ချို့ ကတော့ ပိုးသားပါတဲ့..
(မသိရင်လဲ သိအောင်လုပ်လိုက်ကြနော်..ပိုးက ခင်ဖို့ ကောင်းပါတယ်..) ဟဲဟဲ
အသက်ကတော့ ၁၇ပါ..ဦးဆန်းအောင်မှာနေပါတယ်...
အဟီး ကြေညာဝင်တာလေ...
အင်ထရိုဝင်ရတာ တစ်မျိုးကြီးပဲ..
ပျော်လဲပျော်တယ်.(ပျော်ဆို...စာကလွဲရင်အကုန်စိတ်ပါဝင်စားတဲ့သူလေးမို့ ပါ..)
မကြာမကြာ..အားရင်အားသလို (အင်း..ပြောမယ့်သာပြောရတာပါ..
ပိုးမှာ မအားတဲ့အချိန်ဆိုတာ မရှိသလောက်ပဲ..) ၀င်ရေးပါ့မယ်...
To My Dear Diary လိုမျိုးပေါ့..အင်္ဂလိပ်လို နည်းနည်း..မှုတ်မယ်နော် (ဖူး......) အဟီး..
နေ့ စဉ်ပုံမှန်ရေးဖြစ်အောင်ကြိုးစားသွားပါ့မယ်..
ရေးသမျှပေါက်ရကို လာဖတ်ပေးတဲ့ သူများကို ဒီနေရာကနေ
(ဘယ်နေရာလဲဟင်??? အို..ဘာဖြစ်ဖြစ်အေ) အထူးကျေးဇူးတင်ရှိပါကြောင်း...
ဒီဘလော့ခ်လေးမှာ လိုအပ်တာတွေ့ ရင်လဲ..Cbox က ဒါမှမဟုတ်..
poepoe23@gmail.com ကိုပို့ ပြီးအော်ပေးကြပါလို့ ..
မေတ္တာရပ်ခံပါကြောင်း..ပြောကြားရင်း....
စတင်မိတ်ဆက်ခြင်းကို ဒီနေရာမှာ အဆုံးသတ်လိုက်ပါတယ်ရှင်
(အလဲ့..တယ်ဟုတ်တဲ့ငါပါလား..ကွိကွိ)
(ရပ်မှ ရပ်မှ မရပ်ရင် ဖတ်တဲ့လူစိတ်မရှည်ပဲ ထရိုက်မှပြေးပေါက်မှားနေအုံးမယ်..)



-

2 comments:

Mr.Fany said...

paw lite tar kwal . al lout ko htin ma htar bu ... haha

ပိုးသားဖြူ said...

သိရင်ပြီးတာပဲ လူများတစ်ကာကိုလိုက်ကိုက်ဖို့ လောက်ပဲကြည့်နေတယ်