Friday, June 13, 2008

မေတ္တာ

ဒေါသတွေနဲ့  ပူလောင်နေတဲ့အခါ..
လေပြေအေးလို အေးမြခွင့်ပေးပါ..

မောပန်းလို့ မှေးစက်တဲ့အခါ..
ပါးပြင်အပ်ရာ ခေါင်းအုံးလေးဖြစ်ခွင့်ပေးပါ..

စိတ်ဓါတ်တွေအောက်ဆုံးရောက်နေတဲ့အခါ..
လမ်းပြခေါ်ဆောင်ရာ...မီးအိမ်လေးတစ်လုံးဖြစ်ခွင့်ပေးပါ...

စိတ်ရိုင်းတွေ ခက်ထန်တဲ့အခါ...
မြူချော့နှစ်သိမ့်ရာ...သားချော့တေးတစ်ပုဒ်ဖြစ်ခွင့်ပေးပါ...

နင့်ဘက်မှာ ဘယ်သူမှမရှိတော့တဲ့တစ်နေ့ ..
မှောင်လွန်းတဲ့ နင့်ဘ၀မှာ..
အေးမြတဲ့ လရောင်တစ်ပေါက်လိုအမြဲတည်ရှိပေးနေချင်တယ်...

2 comments:

witnyin said...

ဘယ်သူမှမရှိတော့တဲ့ တစ်နေ့... မှောင်ကလည်းမှောင် အဲဒါကို ထပ်ပီးအေးအောင်လုပ်တယ်... နင် အသေသတ်ချင်နေတာလား... တရားစွဲမယ်...
ဟီးဟီး...

ပိုးသားဖြူ said...

အောင်မယ်..အကောင်းနဲ့ လင်းပေးတာကို တရားစွဲလို့ ကတော့လား...ငှဲငှဲ ငါ့အကြောင်းသိသွားမယ်