Saturday, June 28, 2008

ဘလော့ခ်ရဲ့ အရသာ

စရေးတာက June 10
နောက်ထပ် 24 နာရီအကြာမှာထပ်ရေးတယ်..
48နာရီရှိတော့မယ်..ငါဘာမှထပ်မရေးရသေးဘူး...
ကဲ...14ရက်ကျော်သွားပြီ..သူငယ်ချင်းတွေကလဲပူနေပြီ..
မထူးပါဘူးလေ..ကဗျာအပိုင်းအပြတ်တစ်ခုတင်လိုက်တာပဲ အေးပါတယ်..
ရှုပ်နေတာပဲ...
တကယ်ကိုမသိတော့တာ...ငါဘာတွေလုပ်နေတာလဲ?

Friday, June 27, 2008

င့ါဘ၀ရဲ့  မှတ်ဥာဏ်တစ်စိတ်တစ်ဒေသကို
ဖြတ်ထုတ်ပစ်ခွင့်ရှိရင်...
နင်နဲ့ ပျော်ရွှင်စွာ စကားတွေအော်ပြောခဲ့ဖူးတဲ့..
Marchလရဲ့ အချိန်တစ်ခုကို ဖြတ်ထုတ်ပစ်မယ်...
ဒါဆိုရင် ဘယ်သူမှမသိပဲ အသည်းကွဲသွားတဲ့
ငါ့အဖြစ်ကို..သူများတွေတင်မဟုတ်ဘူး..
ငါကိုယ်တိုင်ပါမသိနိုင်တော့ဘူးပေါ့...

အချိန်တွေကိုသာ ရပ်တန့် နိုင်ခွင့်ရှိခဲ့ရင်...
နင်နဲ့ ..မခွဲခွာရခင်ကာလမှာ ရပ်တန့် ထားမိမယ်..
နာကျင်ရမယ့်အဖြစ်တွေကို ငါတွေးပြီးကြောက်မိနေလို့ ....

သတ္တိမရှိဘူးဆိုချင်ဆို...
အရှုံးတွေ အမုန်းတွေမေ့ပြီး
အတိတ်မှာပဲ..ပြန်လည်ပျော်ရွှင်နေချင်တယ်..

အတ္တကြီးတယ်ပဲဆိုချင်ဆို...
ဘ၀ရဲ့ နာကျင်မှုတွေထားခဲ့ပြီး...
အဝေးဆုံးကိုပြေးထွက်သွားချင်တယ်..

ငါ့နေရာမှာ နင်သာဆိုဘယ်လိုလုပ်မလဲ...
ဘာတွေလဲ...ငါ နင့်ကိုမေ့ပစ်သင့်လား...
Yes? or No?...

Friday, June 13, 2008

မေတ္တာ

ဒေါသတွေနဲ့  ပူလောင်နေတဲ့အခါ..
လေပြေအေးလို အေးမြခွင့်ပေးပါ..

မောပန်းလို့ မှေးစက်တဲ့အခါ..
ပါးပြင်အပ်ရာ ခေါင်းအုံးလေးဖြစ်ခွင့်ပေးပါ..

စိတ်ဓါတ်တွေအောက်ဆုံးရောက်နေတဲ့အခါ..
လမ်းပြခေါ်ဆောင်ရာ...မီးအိမ်လေးတစ်လုံးဖြစ်ခွင့်ပေးပါ...

စိတ်ရိုင်းတွေ ခက်ထန်တဲ့အခါ...
မြူချော့နှစ်သိမ့်ရာ...သားချော့တေးတစ်ပုဒ်ဖြစ်ခွင့်ပေးပါ...

နင့်ဘက်မှာ ဘယ်သူမှမရှိတော့တဲ့တစ်နေ့ ..
မှောင်လွန်းတဲ့ နင့်ဘ၀မှာ..
အေးမြတဲ့ လရောင်တစ်ပေါက်လိုအမြဲတည်ရှိပေးနေချင်တယ်...

Wednesday, June 11, 2008

စတင်မိတ်ဆက်ခြင်း..

ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်သေးတာ အခုအချိန်ထိပေါ့..
ဟီးဟီး မိတ်ဆက်စာလေးတောင်မရေးပဲ..
သူများတွေဖတ်ချင်မှန်းမသိ မဖတ်ချင်မှန်းမသိ
လက်တည့်စမ်းထားတဲ့ ကဗျာတွေစွတ်တင်တာ လွန်လှပြီထင်ရဲ့ ...
အခုတော့..ရေးပြီနော်..အားလုံးပဲမင်္ဂလာပါနော်..
ပိုးကို...ပိုးလို့ ပဲခေါ်ကြတယ် တစ်ချို့ ကတော့ ပိုးသားပါတဲ့..
(မသိရင်လဲ သိအောင်လုပ်လိုက်ကြနော်..ပိုးက ခင်ဖို့ ကောင်းပါတယ်..) ဟဲဟဲ
အသက်ကတော့ ၁၇ပါ..ဦးဆန်းအောင်မှာနေပါတယ်...
အဟီး ကြေညာဝင်တာလေ...
အင်ထရိုဝင်ရတာ တစ်မျိုးကြီးပဲ..
ပျော်လဲပျော်တယ်.(ပျော်ဆို...စာကလွဲရင်အကုန်စိတ်ပါဝင်စားတဲ့သူလေးမို့ ပါ..)
မကြာမကြာ..အားရင်အားသလို (အင်း..ပြောမယ့်သာပြောရတာပါ..
ပိုးမှာ မအားတဲ့အချိန်ဆိုတာ မရှိသလောက်ပဲ..) ၀င်ရေးပါ့မယ်...
To My Dear Diary လိုမျိုးပေါ့..အင်္ဂလိပ်လို နည်းနည်း..မှုတ်မယ်နော် (ဖူး......) အဟီး..
နေ့ စဉ်ပုံမှန်ရေးဖြစ်အောင်ကြိုးစားသွားပါ့မယ်..
ရေးသမျှပေါက်ရကို လာဖတ်ပေးတဲ့ သူများကို ဒီနေရာကနေ
(ဘယ်နေရာလဲဟင်??? အို..ဘာဖြစ်ဖြစ်အေ) အထူးကျေးဇူးတင်ရှိပါကြောင်း...
ဒီဘလော့ခ်လေးမှာ လိုအပ်တာတွေ့ ရင်လဲ..Cbox က ဒါမှမဟုတ်..
poepoe23@gmail.com ကိုပို့ ပြီးအော်ပေးကြပါလို့ ..
မေတ္တာရပ်ခံပါကြောင်း..ပြောကြားရင်း....
စတင်မိတ်ဆက်ခြင်းကို ဒီနေရာမှာ အဆုံးသတ်လိုက်ပါတယ်ရှင်
(အလဲ့..တယ်ဟုတ်တဲ့ငါပါလား..ကွိကွိ)
(ရပ်မှ ရပ်မှ မရပ်ရင် ဖတ်တဲ့လူစိတ်မရှည်ပဲ ထရိုက်မှပြေးပေါက်မှားနေအုံးမယ်..)



-

တိတ်တခိုး

သူမက သူ့ ကိုချစ်နေတယ်
သူကတော့ သိတာလား မသိတာလား
လောကကြီးကသင်ပေးလိုက်တဲ့..
ဟန်ဆောင်အတတ်တွေနဲ့ ..
ကံကြမ္မာပြဇာတ်ထဲမှာ..
သရုပ်ဆောင်လို့ ကောင်းနေတယ်..

ဒါဆို ငါကကော?..
ငါကတော့..........
စိတ်ခံစားချက်တွေကို ထိန်းချုပ်ရင်း
ပြောနေကြတဲ့အတိုင်း..
မာနကြီးတဲ့ မိန်းကလေးတစ်ယောက်အဖြစ်နဲ့ 
ဆက်လက်တည်ရှိနေအုံးမယ်..
ဘာမှမထူးဆန်းပါဘူး...

ပျော်ကြပါ ရွှင်ကြပါ..
နင့်အတွက်....
ငါ့အသည်းကိုခြေမွှပြီး...
လမ်းခင်းပေးထားတယ်...

ငါဆိုတဲ့ လူတစ်ယောက်ရဲ့ 
အသည်းကွဲပြတိုက်ထဲမှာတော့..
င့ါရဲ့ ကြေမွအသည်းကို
မှန်ဘောင်ခတ် ထည့်သွင်းထားမယ်...
အမြဲမှတ်မိနေစေဖို့ ပေါ့...

Tuesday, June 10, 2008

အစကတည်းကသာ
ဒီလောက်ခံစားရမယ်မှန်းသိခဲ့ရင်..
နင့်ကို ငါအရမ်းချစ်ခဲ့မိမှာမဟုတ်ဘူး..

အချစ်ဆိုတဲ့အရာဟာ..
နွံတစ်ခုဖြစ်မယ်မှန်းသိခဲ့ရင်..
မိုက်မဲစွာနဲ့ ချစ်ခဲ့မိမှာမဟုတ်ဘူး..

ချစ်သူရယ်..
နင့်အကြောင်းကို ငါလေ...
မတွေးချင်ဘူး...

အာရုံမှာ နင်ပေၞလာတိုင်း
အသံမထွက်ပဲရှိုက်ရတဲ့..
ငါ့အဖြစ်ကိုငါ..မုန်းလွန်းလို့ ...

နင့်ကို..ငါလေ...
မမုန်းပစ်ချင်ဘူး...
ဘာကြောင့်လဲ..နင်သိလား..
တစ်သက်မှာ တစ်ခါသာချစ်တဲ့..


အချစ်နဲ့ ..ချစ်မိသွားလို့ ...
အပေါ်ယံခြုံ ခင်မင်မှုတွေကြားမှာ
ရင်နဲ့ ပေါင်းတတ်တဲ့ အမေ့သမီးအတွက်
ရလာဒ်တွေက မတန်ဘူး...အမေ

သူတပါးအပေါ်ကောင်းရင်
ကိုယ့်ဆီပြန်လာမယ့်..တန်ပြန်သက်ရောက်မှုတွေ
ကောင်းလိမ့်မယ်ဆိုတဲ့စကား...
သမီးအတွက် ရာနှုန်းပြည့်မမှန်ဘူး အမေ..

မျက်စိသူငယ် နားသူငယ်နဲ့ ရောက်ခဲ့ရတဲ့ တိုင်းပြည်မှာ...
အထီးကျန်ခြင်းဆိုတဲ့ အရာကြီးက
သမီးကို ဘာလို့ အေးခဲစွာစောင့်ကြိုနေတာလဲ အမေ...

အပုအပင် ကင်းမဲ့စွာ ဖြတ်သန်းလာခဲ့တဲ့ အမေ့သမီး
ရင်ထဲမှာ နာကျည်းစရာဆိုတာ ရှိတတ်နေပြီအမေ...

အမေ မသိလိုက်တဲ့ အချိန်အပိုင်းအခြားတစ်ခု အတွင်း..
ခွဲခြားတတ်တဲ့ လူတွေကြားထဲ စိတ်ဒဏ်ရာတွေ ရခဲ့ပေါင်းများပြီ အမေရယ်...


အမေ.....
အိမ်ပြန်ရအောင် နော်...
မျှော်လင့်ချက်တွေပေးပြီး...
နင်ပျောက်သွားတဲ့အခါ...

ပျော်ရွှင်မှုတွေပေးပြီး...
နင်ချန်ထားတဲ့အခါ...

နင့်ရဲ့ ဥပက္ခာတွေကို လက်ခံရရှိပေါင်းများလို့ ...
ဘယ်တော့မှ...မပြည့်စုံနိုင်တဲ့..
ငါ့ရဲ့ တစ်ဝက်တစ်ပျက်အိပ်မက်လေးကို အားနာလိုက်တာ...

G-talkက နင့်ဓါတ်ပုံလေးတွေ့ တိုင်း...
ဝုန်းခနဲဆောင့်ခုန်သွားတဲ့...ရင်ခုန်သံတစ်ချို့ ရယ်..

နင် online တက်လာတာတွေ့ လို့ ...
ဖြတ်ခနဲ ပြုံးလိုက်မိတဲ့...ခပ်ပါးပါးနှုတ်ခမ်းတစ်စုံရယ်..

မျှော်လင့်တကြီးနဲ့ စကားသွားပြောမိကာမှ...
ဘာတစ်ခုမှ နင်ပြန်မပြောတဲ့အခါ...
အပယ်ခံငါ့ဘ၀ကိုငါ..စိတ်နာလိုက်တာ...

အသိစိတ်က "မေ့လိုက်တော့" လို့ တားမြစ်နေလဲ...
ငါ့နှလုံးသားကမှလက်မခံတာ..
ငါဘယ်လိုလုပ်ရမလဲ...

"မကြည့်နဲ့ တော့" လို့  ဦးနှောက်က ခိုင်းစေနေလဲ..
ငါ့မျက်လုံးက နားမှ မပါတာ...
ငါဘယ်လိုလုပ်ရမလဲ..

အခုမှတော့ ဘာမှလုပ်လို့ မရတော့ဘူး..
ချစ်တတ်တဲ့ ငါ့နှလုံးသားက မနေ့ ကပဲ နင်ချခွဲလို့ ကွဲနေခဲ့ပြီးပြီ...