Tuesday, April 26, 2011

Monday, April 11, 2011

(ပထမအကြိမ်)...

လိမ်ညာခြင်းတွေနှင့်စတင်ပြီး မုသားတွေနှင့်ပဲ အဆုံးသတ်ခဲ့သည်...
နာမည်တစ်ခုတော့ ထင်ကျန်ရစ်ခဲ့သား။

(ပထမတစ်ဝက်)...

သူငယ်ချင်းတော့ဖြစ်ကောင်းလောက်ရဲ့ ....
မဟုတ်တော့ဘူးပဲ...
လိမ်ညာမှုတွေက သူငယ်ချင်းအဖြစ်နဲ့ တောင်လက်မခံဘူးတဲ့...
ဒီလိုနဲ့ ပဲ ဝေးခဲ့ကြပြန်သည်။

(ဒုတိယအကြိမ်)...

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်သည်...
ဖြစ်နိုင်သေးသလားဟု...
မိုက်မဲသော မတည်ငြိမ်မှုတွေက...
ရူးသွပ်စွာ ဆုံးဖြတ်ချက်ပေးပြန်သည်...
လိုရာဆွဲတွေးမှုလေပဲလား...
ဒီလိုနဲ့ ပဲ နီးစပ်ခဲ့ကြပြန်သည်။

(ဒုတိယနှင့်နောက်ဆုံးအကြိမ်)...

အချစ်ဟုတောင် မဆိုထားနှင့်...
ယုံကြည်မှုဆိုတာ အစကတည်းကမှမရှိခဲ့တာပဲလေ...
နားလည်မှုတစ်ခုကို လစ်လျှူရှု...
သံသယကို ပစားပေးခဲ့သူမဟုတ်လား...
ရှိစေတော့ ကံကြမ္မာရေ...
ဒီတစ်ခေါက်လည်း နင်နိုင်လိုက်အုံးပေါ့...
နောက်ဆုံးတော့လည်း...
ဘာမှလက်ခံမရရှိလိုက်သော ဗလာရင်ခွင်တစ်ခုမှ..
မျက်ရှဒဏ်ရာတစ်ခုနှင့်နှုတ်ဆက်ခဲ့သည်...

သတိ!!........အချစ် မရှိ!!....

ငါ့ကို အရမ်းချစ်ပါတယ်လို့ မပြောနဲ့ ...
ငါ့ကို ချုပ်နှောင်စရာ အရုပ်တစ်ခုလိုပဲ နင်သတ်မှတ်ခဲ့တာ...
ငါ့ကို မြတ်နိုးတယ်လို့ မပြောနဲ့ ...
ငါ့ကို နင်ရဲ့  သ၀န်တို သံသယတွေနဲ့ ပဲ ပိတ်လှောင်ထားခဲ့တာ...
နင့်ဖက်က ငါ့ကိုမယုံကြည်နိုင်ခဲ့သလို...
ငါကလည်း ဒီထက်ပို နားမလည်ပေးနိုင်တော့တဲ့အတွက်..
ငါတို့ ရဲ့ ဒုတိယမြောက် ဇာတ်လမ်းကို...
ဒီမှာပဲ အမုန်းမဲ့ အဆုံးသတ်လိုက်ကြပါစို့ ...

Monday, March 21, 2011

လူတစ်ယောက်ဟာ...
အသက်ကြီးလာတာနဲ့ အမျှ...
အရာတိုင်းဟာ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေတွေ တဖြေးဖြေးနဲ့ ပိုပိုများလာတယ်...
အဖြေမရှိတဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ ပုစ္ဆာတွေပိုများလာတယ်...
စိတ်ရှိတိုင်း.. ပြောချင်တိုင်းပြောခွင့်မရတဲ့ စကားလုံးတွေများလာတယ်...
အသက်ကြီးလာတာနဲ့ အမျှ...
ကိုယ့်ကိုကြည့်ရှုစောင့်ရှောက်မယ့်လူတွေ တစ်နေ့ တစ်ခြားလျှော့နည်းလာတယ်...
အသက်ကြီးလာတာနဲ့ အမျှ...
make sense မဖြစ်တဲ့ အချစ်ရေးပြဿနာတွေလည်း ကြုံတွေ့ ရသေးတယ်...
အသက်ကြီးလာတာနဲ့ အမျှ...
မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေပိုများလာတယ်....
ဒါပေမယ့် အဲဒီ့မဖြစ်နိုင်ခဲ့တဲ့အကြောင်းအရာတွေကပဲ...
ငါတို့ ကို ရင့်ကျက်စေခဲ့တယ်....

Monday, January 10, 2011

နောက်ကိုလှည့်မကြည့်နဲ့ ….
လိုတာထက်ပိုများတဲ့ အတိတ်တွေ ရှိနေတတ်တယ်…

ရှေ့ ဆက်မတိုးနဲ့ ….
တွက်ဆလို့ မရနိုင်တဲ့ ဆိုးကျိုးတွေ စောင့်နေတတ်တယ်….

ဒီလိုနဲ့ ပဲ…
ပုံသေကားချပ်တစ်ခုအတိုင်း ငါ့ဘ၀ငါ ကော်ကပ်ထားခဲ့ပေါ့…
တစ်စုံတစ်ယောက်၏ ခွင့်ပြုချက်ဖြင့်သာ အသက်ရှင်ရသောလူ့ ဘ၀ကြီးလော..
တိကျသော အဖြေ…
ရေရာမှုမရှိနိုင်ခင်လေးတင် ကြိုးပေးသတ်ခံလိုက်ရတယ်….

တိတ်ဆိတ်သော ၀င်္ကဘာ….
ကိုယ်တိုင်ဖန်တီးထားသော အသံများနဲ့ ပါတ်ချာလည်နေခဲ့….
အရှေ့ မှာ ဘာတွေ ရှိနေလဲ…
နောက်ဆုတ်ရင်ကော ဘာတွေဖြစ်ဦးမှာလဲ….
နောင်တခြုံထည်ကို အမှိုက်တစ်ခုလို ချွှတ်ချထားခဲ့ချည်..…
သံသရာအမှုတစ်ခုထဲက ကွင်းလုံးကျွတ် လွတ်သူ ငါဖြစ်စေ….

Saturday, September 25, 2010

လေပြေ ကျိန်စာ

မိုးပြိုတာလား..
တိမ်ငိုတာလား..
သည်းထန်နေတာတော့ ကြိမ်းသေပါတယ်..

အလုံးလိုက်အရင်းလိုက် ကျိန်စာတွေက
ဒီရင်ကို
ခတ်ကြမ်းကြမ်းကခုန်နေရဲ့ ..

ကြိမ်ဖန်များစွာ နာကျင်သော
အခါးများက
လိမ်ညာချိုမြနေခဲ့လေရဲ့ 

အပြုံးများနှင့် ခံယူခဲ့သူ
မိုက်မဲသူလော..

လွတ်မြောက်ခြင်းနဲ့ အတူ
ရွှဲစိုပျော်ရွှင်နိုင်လေမလား..

ယိမ်းယိုင်နေသော စိတ်တွေ
မိုးနဲ့ အတူ မျောပါနိုင်ရင်လည်းကောင်းရဲ့ ..

မုန်တိုင်းစဲပြီး လေပြေအေးတော့လာပါတယ်..
နက်ရှိုင်းသော လေ....
ဘယ်သူများ နွေးထွေးပေးနိုင်မလဲ?

Friday, July 23, 2010

မရေရာခြင်း... အပိုင်း (၁)

ရေးလက်စ ကဗျာတစ်ပုဒ်လောက်တောင်အသက်မ၀င်တဲ့..
အေးစက်စက် ကော်ဖီတစ်ခွက်...
အတွေးတွေကို ပြန်နွှေးတိုင်း...
ပေၞလာတတ်သော..မသေချာခြင်းများ...

ဆန်းကြယ်သော ဘာသာစကားတစ်ခု...
တစ်ဆယ့်လေးနှစ်အရွယ် မိန်းကလေးတစ်ယောက်...
မရင့်ကျက်သော အရာရာက မနေ့ ကအတိုင်း...

ငါးနှစ်.....
လုံလောက်သင့်ပြီထင်ပါတယ်...
မရေရာသော ဘ၀တစ်ခုကို အဆုံးအဖြတ်ပေးဖို့ ...
ကောင်းမွန်သော ဆုံးဖြတ်ချက်များကို...
တွေဝေသော အတွေးများက ရိုင်းစိုင်းစွာ နှောင့်ယှက်တတ်မြဲ...

တချက်...ချက်...
ခုန်နေတဲ့ နာရီလက်တံတစ်ချောင်းက...
လူသားတွေထက် ၀တ္တရားသိ..
တာဝန်ပိုကျေတတ်တယ်ထင်ရဲ့ ...